02
Jan

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် သင်တန်းပို့ချခြင်း

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် (၁၁.၁၂.၂၀၂၃)ရက်နေ့မှ (၂၂.၁၂.၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ဘေးအန္တရာယ်‌ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း၌ ဟင်္သာတခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးကျော်စွာဝင်းမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာသာရပ်ကို “ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီ ထွေစွာနေထိုင်ရေးနှင့် ဇီဝမျိူးစုံမျိုးကွဲများထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့် သင်တန်းသားစုစုပေါင်း (၅၉)ဦးကို သင်ကြားပို့ချခဲ့ပါသည်။