02
Jan

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ ဂုဏ်ပြုဆု ချီးမြှင့်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၄ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက် မည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ဂုဏ်ပြုဆုချီးမြှင့်နိုင်ရန်အတွက် (၁၂-၁၂-၂၀၂၃) ရက်နေ့မှ (၁၉-၁၂-၂၀၂၃) ရက်နေ့အထိ အဆိုပြုထားသော(ပုသိမ်၊ ရေကြည်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့် ဖျာပုံ)မြို့များသို့ တိုင်းဒေသကြီးဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် (၂၉-၁၂-၂၀၂၃) ရက်နေ့တွင် ဆုရွေးချယ်လျာထားနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်း အဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။