04
Jan

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနား ကျင်းပခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၏ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ရုံးအမှတ် (၅၈) ၌ ၃-၁-၂၀၂၄ ရက်နေ့နှင့် ၄-၁-၂၀၂၄ ရက်နေ့တို့တွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။ အားကစားပြိုင်ပွဲများအဖြစ် အားကစားနည်း (၁၇) မျိုးဖြင့်  ကျင်းပပြုလုပ်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် မိသားစုဝင်များ စုစုပေါင်း (၃၆၇) ဦး တက်ရောက်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများမှ ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ပါသည်။