15
Mar

သက်ရောက်မှုများအား ဆန်းစစ်သုံးသပ်ရေးလုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

သက်ရောက်မှုများအား ဆန်းစစ်သုံးသပ်ရေးလုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ်လုပ်ငန်း     ညှိနှိုင်းအစည်းအဝေးကို ၁၄-၃-၂၀၂၄ ရက် (ကြာသပတေးနေ့) တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ရုံးအမှတ် (၅၃) အစည်းအဝေးခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယ          ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တစ်နိုင်တစ်ပိုင် သတ္တုအရည်ကျိုလုပ်ငန်းများ၏ ပတ်ဝန်းကျင် အပေါ် သက်ရောက်နိုင်မှုများနှင့် ထိခိုက်မှုလျော့ပါးစေရေးနည်းလမ်းများကို ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေး တက်ရောက်လာသူများက ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် အပါအဝင် အရာထမ်း/အမှုထမ်း (၈)ဦး၊ သက်ရောက်မှုများအား ဆန်းစစ်သုံးသပ်ရေးလုပ်ငန်းအဖွဲ့ဝင်များဖြစ်သော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံနှင့်    အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊   သစ်တောဦးစီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်တို့မှ Online ဖြင့် တက်ရောက်သူ (၉)ဦး၊ စုစုပေါင်း (၁၇)ဦး တက်ရောက်ခဲ့ ကြပါသည်။ အစည်းအဝေးကို (၁၁:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။