14
Mar

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

၁။      ၁၃-၃-၂၀၂၄ ရက်နေ့၊ နေ့လည် (၀၂:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ (၁)၌ ကျင်းပသော နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

၂။       ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆောင်ရွက်မှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ကို ရှင်းလင်း၍ ဦးစီးအရာရှိ ဒေါ်နှင်းအိအောင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို တင်ပြခဲ့ပါသည်။

၃။      ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာအရာရှိကြီးများ၊ On Line မှ တက်ရောက် လျက်ရှိသော နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။ ညနေ (၀၄:၃၀) နာရီအချိန် တွင် ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

၄။      အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် အရာရှိကြီး များနှင့် On Line မှ တက်ရောက်သော နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ အပါအဝင် ဧည့်သည်တော် (၄၀)ဦး တက်ရောက်ခဲ့ပါသည်။