14
Jan

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ချောင်းသာကမ်းခြေတွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူခြင်း

ချောင်းသာကမ်းခြေတွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူနိုင်ရေးအတွက် လက်တွေ့ သင်တန်းပေးခြင်းကို ချောင်းသာကမ်းခြေ၌ (၁၂-၁-၂၀၂၄) ရက်နေ့ (၀၉:၃၀) နာရီတွင် ကျင်းပရာ စစ်တမ်းကောက်ယူမည့် ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ ချောင်းသာကမ်းခြေတွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူနိုင်ရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးအား ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၁၂-၁-၂၀၂၄) ရက်နေ့ (၁၄:၀၀) နာရီတွင် ကျင်းပရာ စစ်တမ်းကောက်ယူရေး ကြီးကြပ်မှုအဖွဲ့ ဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ထိန်းချုပ်/ သယံဇာတ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ စစ်တမ်းကောက်ယူရေးကြီးကြပ်မှု အဖွဲ့ဝင်များ၊ ချောင်းသာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ပြီး လက်တွေ့စစ်တမ်းကောက်ယူနိုင်ရေးနှင့် ချောင်းသာမြို့ဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

ချောင်းသာကမ်းခြေတွင် အဏ္ဏဝါအမှိုက်သရိုက်များအား လက်တွေ့စစ်တမ်းကောက်ယူခြင်းအား ချောင်းသာကမ်းခြေ၌ (၁၂-၁-၂၀၂၄) ရက်နေ့ နှင့် (၁၃-၁-၂၀၂၄) ရက်နေ့တို့တွင် ဆောင်ရွက်ခဲ့ရာ စစ်တမ်းကောက်ယူရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ထိန်းချုပ်/သယံဇာတ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန၊ ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ  စုစုပေါင်း(၂၅) ခန့်ဖြင့် စစ်တမ်းကောက်ယူခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အဏ္ဏဝါအမှိုက်သရိုက် စစ်တမ်း ကောက်ယူခြင်းအား ချောင်းသာကမ်းခြေတွင် နေရာ (၆) နေရာ၌ တစ်နေရာတွင် အလျား မီတာ ၉၀ ဖြင့် ဇုန် (၂) ဇုန်ခွဲကာ National Oceanic and Atmospheric Administration, NOAA မှ ထုတ်ဝေသည့် အဏ္ဏဝါအမှိုက်သရိုက် စစ်တမ်းကောက်ယူခြင်းဆိုင်ရာ လမ်းညွှန်စာအုပ် (Marine Litter Audit Guidebook) နှင့်အညီ ကောက်ယူဆောင်ရွက်ခဲ့ကြပါသည်။