06
Jan

ပလပ်စတစ်အမှိုက်ကောက်ပွဲ (Plastic Campaign) ကျင်းပပြုလုပ်ခြင်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် (၆-၁-၂၀၂၄)ရက်နေ့ နံနက်က ညောင်ဦးခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ၏ စီစဉ်မှုဖြင့် ပလတ်စတစ်အမှိုက်ကောက်ပွဲ (Plastic Campaign)ကို သဗ္ဗေညုဘုရားနှင့်အာနန္ဒာဘုရားဝန်းကျင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပလတ်စတစ်အမှိုက်ကောက်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လာရောက်အားပေးခဲ့ပြီး ရှေးဟောင်းသုတေသနဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၂၀၀)ဦး ပါဝင်ခဲ့ပါသည်။ ညောင်ဦးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများစိုက်ထူကပ်ထားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။