
23
Mar
ပြင်ဦးလွင်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
၂၂-၃-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးနှင့် ပြင်ဦးလွင်ခရိုင်၊ မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့လျော့ချရေးနှင့် တောမီးအန္တရာယ်ကာကွယ်ရေးတို့အတွက် ပြင်ဦးလွင်မြို့အထင်ကရနေရာများ၊ ထင်းရှူးတော၊ မြို့မဈေးနှင့် လူနေရပ်ကွက်များတွင် အသိပညာပေးပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။