23
Mar

ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေးခြင်း

၂၂-၃-၂၀၂၄ ရက်နေ့တွင် မကွေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့သည် မကွေးခရိုင်အတွင်းရှိ ပုဂ္ဂလိစက်မှု လက်မှုလုပ်ငန်းများနှင့် EIA/IEE/EMP အတည်ပြုလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်းစီမံချက်အရ မကွေးမြို့နယ်၊ တောင်တွင်းလမ်း၊ အောင်စေတနာရပ်ကွက်၊ အမေထွား (ဆီစက်) လုပ်ငန်းနှင့် အောင်‌‌မေတ္တာ (ခ)ရပ်ကွက်၊ (၁၀)လမ်း (ချမ်းမင်း သောက်ရေသန့်) လုပ်ငန်းများသို့ ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။