15
Mar

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော (နေရာဒေသ) ကျေးရွာဆုချီးမြှင့်နိုင်ရေးနှင့် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

၁။      ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းမွန်သော (နေရာဒေသ) ကျေးရွာဆုချီးမြှင့်နိုင်ရေးနှင့် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးတို့အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဆိုပြု တင်ပြလာသည့် ကျေးရွာ(၄)ရွာကို ၁၂-၃-၂၀၂၄ ရက်နေ့မှ ၁၄-၃-၂၀၂၄ ရက်နေ့ထိ သတ်မှတ်ထားသော အချက်အလက်(၂၆)ချက်နှင့်အညီ ကွင်းဆင်းစစ်ဆေးခဲ့သည့်ရလဒ်မှ ကျေးရွာ(၁)ရွာ အတည်ပြု ရွေးချယ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ၁၅-၃-၂၀၂၄ ရက်နေ့၊ မွန်းလွဲ (၁၅:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အစည်းအဝေးတွင် ကျေးရွာဆုစိစစ်ရွေးချယ်ရေးကော်မတီဥက္ကဌ၊ သယံဇာတရေးရာဝန်ကြီး၊ ဦးစိုင်းမြင့်အေးက အစည်းအဝေးအဖွင့်အမှာစကားပြောကြားခြင်း၊ ကော်မတီ၏အတွင်းရေးမှူး၊ ဦးဇော်မိုးက ကွင်းဆင်းစစ်ဆေးခဲ့သည့် ကျေးရွာ (၄)ရွာ၏ အခြေအနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသည့် အဖွဲ့ဝင်များမှ ဆွေးနွေးခြင်း စသည်တို့ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကော်မတီဥက္ကဌက အစည်းအဝေးဆုံးဖြတ်ချက် (၃) ချက် အတည်ပြုချမှတ်ခဲ့ပြီး အစည်းအဝေးအား ညနေ (၁၆:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။