ကုမ္ပဏီ(၆)ခုမှတင်ပြလာသည့် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာများကို အများပြည်သူသိရှိပြီး သဘောထားမှတ်ချက်ပေးနိုင်ပါရန်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့လာသော ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် ကို ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ်(၃၉) နှင့် (၆၆) အရ အများပြည်သူသိရှိပြီး သဘောထားမှတ်ချက်ပေးနိုင်ရေးအတွက် “ အောက်ဖော်ပြပါ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်နှင့် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာအပေါ် သဘောထား မှတ်ချက်ပေးရန်ရှိပါက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ရေးဌာနခွဲ eia.ecd@gmail.com သို့ အကြံပြုပေးပို့နိုင်ပါသည်–
(၁) Gold AYAMotor International Group Co.,Ltd ၏ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း(ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ)
(၂) Milestone Leather Ware Co.,Ltd ၏ CMP စနစ်ဖြင့် အိတ်နှင့်ခါးပတ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း (ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာ)
(၃) Pyi Phyo Tun International Company Limited ၏ သစ်အချောထည်စက်ရုံ (ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာ)
(၄) Myanmar Yarn & Fabric Technology Company Limited ၏ CMP စနစ်ဖြင့် ချည်မျှင်နှင့်ဆေးဆိုးခြင်းလုပ်ငန်း(ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာ)
(၅) C Star Myanmar Golden Bag Factory Company Limited ၏ CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း (ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာ)
(၆) Cobes Industrial (B II) Company Limited ၏ CMP စနစ်ဖြင့် ပိုးမသတ်ထားသော ခွဲစိတ်ခန်းသုံး (တစ်ခါသုံး) ဝတ်စုံနှင့် ကျန်းမာရေးသုံးဆက်စပ်ဝတ်စုံများ ထုတ်လုပ်ခြင်းလုပ်ငန်း (ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာ)
0 comments