10
May

တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းများ လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်း (အပြီးသတ်မူကြမ်း) အရ လုပ်ငန်းလိုင်စင်အသစ်ပြန်လည်လျှောက်ထားနိုင်ရေးအတွက် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းဆိုင်ရာ အခြေခံစံနှင့်သတ်မှတ်ချက်များကို ဖတ်ရှုလေ့လာပြီးကြိုတင်ပြင်ဆင်နိုင်ရန် အကြောင်းကြားခြင်း

ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရေးလုပ်ငန်းများ ဆောင်ရွက်လိုသည့် တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းများ အနေဖြင့်  EIA ၊ IEE၊ EMP အစီရင်ခံစာများကို (၃) နှစ် သက်တမ်းရှိသည့် လုပ်ငန်းလိုင်စင်ဖြင့် ဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ရေးဆွဲခွင့်ရရှိနိုင်ရန် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းပြုလုပ်သည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်း (Licensing Procedure) ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ထုံးလုပ်နည်းအား ဉပဒေရေးရာ ဝန်ကြီးဌာန၊ ဉပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနက အပြီးသတ်စိစစ်ပြီးပါက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ သဘောတူညီချက်ဖြင့် အဆိုပါလုပ်ငန်းလိုင်စင်ဆိုင်ရာလုပ်ထုံးလုပ်နည်းကို မကြာမီထုတ်ပြန်မည်ဖြစ်ပါသဖြင့်  ကြားကာလအကြံပေးလုပ်ကိုင်သူများအထောက်အထားလက်မှတ်ရရှိပြီးသော လူပုဂ္ဂိုလ်/အဖွဲ့အစည်းများနှင့် လျှောက်ထားဆဲလူပုဂ္ဂိုလ်/အဖွဲ့အစည်းများအနေဖြင့် အဆိုပါ တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းများ လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်း(အပြီးသတ်မူကြမ်း) အရ လုပ်ငန်းလိုင်စင်ရယူနိုင်ရေးအတွက် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းဆိုင်ရာ အခြေခံစံနှင့် သတ်မှတ်ချက်များကိုလေ့လာဖတ်ရှုကြိုတင်ပြင်ဆင်နိုင်ရန် လိုအပ်သည့်စာရွက်စာတမ်းများ လွှင့်တင်ပေးထားပါကြောင်း အကြောင်းကြားအပ်ပါသည်။

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab