27
May

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့အသံရေဒီယိုပိုင်းအစီအစဉ်မှ ထုတ်လွှင့်မည့် မေး/ဖြေ အစီအစဉ်တွင် စိတ်ပါဝင်စားသူများ ပါဝင်ဉာဏ်စမ်းဖြေဆိုနိုင်ကြောင်း ဖိတ်ခေါ်ခြင်း

ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “တစ်ခုတည်းသောကမ္ဘာမြေ – Only One Earth” ဟူသော ဆောင်ပုဒ်ဖြင့် ကမ္ဘာ့နိုင်ငံများ နည်းတူ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ မြန်မာ့အသံရေဒီယိုဉာဏ်စမ်းပဟေဠိအစီအစဉ်တွင် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့”

အထိမ်းအမှတ်အနေဖြင့် ဉာဏ်စမ်း မေး/ဖြေကဏ္ဍကို (၂)ပတ် ထုတ်လွှတ်မည် ဖြစ်ပါသည်။ ၂၂-၅-၂၀၂၂ ရက်နေ့မှ စတင်၍ တစ်ပတ်အတွင်း ထုတ်လွှတ်ခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာအစီအစဉ်များကို ၂၉-၅-၂၀၂၂ ရက်နေ့၊ တနင်္ဂနွေနေ့၊  (၁၆:၀၀) နာရီခန့် မင်္ဂလာ ညနေခင်းအစီအစဉ်တွင် မေးခွန်း (၈)ခုဖြင့် လည်းကောင်း၊ ၂၉-၅-၂၀၂၂ ရက်နေ့မှစတင်၍ တစ်ပတ်အတွင်း ထုတ်လွှတ်ခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအစီအစဉ်များကို   ၅-၆-၂၀၂၂ ရက်နေ့၊ တနင်္ဂနွေနေ့၊ (၁၆:၀၀) နာရီခန့် မင်္ဂလာညနေခင်းအစီအစဉ်တွင် မေးခွန်း (၈)ခုဖြင့် လည်းကောင်း အထူးအစီအစဉ်အနေဖြင့် ထည့်သွင်းမေးမြန်းသွားမှာ ဖြစ်ပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ်များကို  နားဆင်နိုင်ပြီး စိတ်ပါဝင်စားသူများ အနေဖြင့်  ဖုန်းနံပါတ် ၀၉-၈၈၉၅၉၃၂၀၄ နှင့် ၀၆၇-၈၀၇၉၂၃၄ သို့ ဆက်သွယ်ဖြေဆိုနိုင်ပြီး သတ်မှတ်ချိန်အတွင်း အစောဆုံးဖုန်းခေါ်ဆို၍ ဖြေကြားသူများအနက်မှ အဖြေမှန်သူ (၅)ဦးကို တစ်ဦးလျှင် ဖုန်းငွေဖြည့်ကဒ် ကျပ် (၁၀၀၀၀) ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း  အသိပေးအပ်ပါသည်။