30
                            Aug
                        ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ် အစည်းအဝေးခန်းမ၌ (၃၀-၈-၂၀၁၆) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီမှ (၁၆:၀၀) နာရီ အချိန်အထိ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း ဦးဆောင်သောအဖွဲ့၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (ကမ်းလွန်)၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းရှင်များ (ကမ်းလွန်)၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကမ်းလွန်ရေနံလုပ်ကွက်များ၏ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE)၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) အစီရင်ခံစာများ အမြန်ဆုံး ပြန်ကြားနိုင်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခြင်းလုပ်ငန်းတွင်ပါဝင်သည့် Drilling fluid and cuttings၊ Oil concentration Percentage နှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။