29
Jul

၂၀၁၅ ခုနှစ် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှစ်နှင့် ဒုတိယအကြိမ် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သောကျောင်း ဆုချီးမြှင့်ပွဲ

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံး၊ ဂျပန်အာဆီယံဘက်စုံရန်ပုံငွေ၊ ဟန်ဆိုက်ဒယ်လ်ဖောင်ဒေးရှင်းနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်တို့  ပူးပေါင်းစီစဉ်ကျင်းပသည့် “၂၀၁၅ ခုနှစ် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှစ်နှင့် ဒုတိယအကြိမ် အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ညီညွတ်သောကျောင်း ဆုချီးမြှင့်ပွဲ” အခမ်းအနားအား (၂၉-၇-၂၀၁၅) ရက်နေ့မှ (၃၀-၇-၂၀၁၅) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

       (၃၀-၇-၂၀၁၅) ရက်နေ့ နံနက် (၀၉:၀၀)တွင် အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်ရှိ အမှတ် (၁၄) အခြေခံပညာ အထက်တန်း‌ကျောင်းဝန်းအတွင်းတွင် ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် ဒုတိယဝန်ကြီးများ၊ အာဆီယံနှင့် မိတ်ဖက် (၃) နိုင်ငံများမှ ကိုယ်စားလှယ်များက အမှတ်တရသစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။”