
14
Jan
ဧရာဝတီတိုင်းဒေသကြီး၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု
“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ရွှေရည်အောင် ဦးဆောင်သောအဖွဲ့သည် ၁၄.၁.၂၀၁၆ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ မြတ်တို အ.လ.က(ခွဲ)၌ ဆရာ/ဆရာမ ကျောင်းသား/ကျောင်းသူ (၂၂၀) ဦးကိုလည်းကောင်း၊ ၁၄.၁.၂၀၁၆ ရက်နေ့ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ ဘုရားကြီးကုန်း အ.ထ.က(ခွဲ)၌ ဆရာ/ဆရာမ ကျောင်းသား/ ကျောင်းသူ (၂၀၀) ဦးကိုလည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ ”