အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မကွေးမြို့နှင့် ပခုက္ကူမြို့တွင် အသုံးပြုရန်အတွက် အောက်ပါ မော်တော်ယာဉ်၊ အရည်အသွေးတိုင်းတာရေးကိရိယာများ၊ ရုံးသုံးစက်ကိရိယာများနှင့် ရုံးသုံးပရိဘောဂများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူဆောင်ရွက်လိုပါသဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
(က) Hilux Double Cub 2012 (၁) စီး။
( ခ) ဓါတ်ရောင်ခြည်၊ အပူ၊ အခိုးအငွေ့၊ ဆူညံမှု၊ လေထုနှင့်ရေထုအရည်အသွေး တိုင်းတာရေး ကိရိယာများနှင့်ဆက်စပ်ပစ္စည်းများ။
( ဂ) စက်ကိရိယာများ – Digital Camera၊ Projector၊ Tripod၊ Aircom၊ Ceiling Fan၊ Generator၊ Back Lawn Mower။
(ဃ) ရုံးသုံးစက်ကိရိယာများ – Laptop Computer၊ Desktop Computer၊ Copier၊ TV 32″၊ Colour Printer၊ Printer (B/W)၊ Fax၊ Scanner၊ Binding Machine၊ Heavy Duty Stapler။
( င) ရုံးသုံးပရိဘောဂများ – Officer Table၊ Armchair၊ Plastic Armchair၊ Iron closet၊ Computer Table၊ Computer Chair၊ File Stand၊ Settee Table and Chair၊ Small table၊ Savebox၊ Speaker Stand။
( စ) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် – ၁၀.၇.၂၀၁၇
(ဆ) တင်ဒါပုံစံအရောင်းပိတ်မည့်ရက် – ၁၄.၇.၂၀၁၇
( ဇ) တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက်၊ အချိန် -၁၈.၇.၂၀၁၇၊ (၁၆:၃၀) နာရီ
( ဈ) တင်ဒါပုံစံရောင်းချမည့်နေရာ – စီမံဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး
(ည) တင်ဒါဖွင့်လှစ်မည့်ရက် – ၂၀.၇.၂၀၁၇
၂။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို တစ်စုံလျှင် ငွေ (၂,၀၀ဝိ/-) (ကျပ် နှစ်ထောင်တိတိ/-) ဖြင့် ရုံးချိန်အတွင်း တင်ဒါရောင်းချမည့်နေရာတွင် လာရောက်ဝယ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်များ သိရှိလိုပါက ညွှန်ကြားရေးမှူးရုံး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၆၃-၂၈၇၀၀၊ ၀၆၃-၂၈၆၇၆ သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်း နိုင်ပါသည်။
အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ