18
Sep

အမျိုးသားမြေပေါ်ရေအရည်အသွေးဆိုင်ရာမြန်မာစံချိန်စံညွှန်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

 

 

အမျိုးသားမြေပေါ်ရေဆိုင်ရာအရည်အသွေးစံချိန်စံညွှန်းကို အမျိုးသားစံချိန်စံညွှန်းကောင်စီမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ၈-၂-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၀၂၃/၂၀၂၄ ဖြင့် မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့ပါသည်။  အဆိုပါစံချိန်စံညွှန်းအား (မြန်မာ/အင်္ဂလိပ်) နှစ်ဘာသာဖြင့် ထုတ်ဝေထားရှိပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင်လည်းကာင်း၊ www.myanmarstandards.org.mm တွင် လည်းကောင်း ဝင်ရောက်ကြည့်ရှု၍  ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။