အဖွင့်စာမျက်နှာ ဦးစီးဌာနအကြောင်း လုပ်ငန်းဆောင်ရွက်ချက်များ မူဝါဒနှင့်ဥပဒေများ သတင်းနှင့် မီဒီယာ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများ အသိပညာပေးကဏ္ဍ ဆက်စပ်လုပ်ငန်းများ ဆက်သွယ်ရန် EIA Portal-Site
မွန်ပြည်နယ်၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်း အနား
မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၅-၆-၂၀၁၇ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နံနက် (၀၉:၀၀) နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ဆုရရှိသော ကျောင်းသား/ ကျောင်းသူများနှင့် သတင်းမီဒီယာများ စုစုပေါင်း(၆၇၆) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံး ဆုရရှိသူများအား ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ ဆုများပေးအပ်ချီးမြှင့်ခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုခွေအားပြသခြင်း၊ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ လက်ကမ်းစာစောင်၊ လက်ဆွဲအိတ်နှင့် မှတ်စုစာအုပ်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် အခမ်းအနားကို (၁၀:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။