18
May

အတည်ပြုပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာများ၏ အတည်ပြုကြောင်းစာ များကို အများပြည်သူသိရှိနိုင်ရန်အတွက် ကြေညာခြင်း

အတည်ပြုပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာများ၏ အတည်ပြုကြောင်းစာ များကို အများပြည်သူသိရှိနိုင်ရန်အတွက် ကြေညာခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့လာသောအတည်ပြုပြီးဖြစ်သည့် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီအရင်ခံစာများကို  ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၄၁ (ဂ) အရလည်းကောင်း၊ အတည်ပြုပြီးဖြစ်သည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များကို ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၈၀ (ဂ) အရလည်းကောင်း  အများပြည်သူသိရှိရန် ထုတ်ပြန်ကြေငြာရမည်ဖြစ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် အတည်ပြုထုတ်ပြန်ပြီးဖြစ်သည့် အောက်ပါ ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီအရင်ခံစာများ၏ အတည်ပြု ကြောင်းစာများ ကို အများပြည်သူသိရှိနိုင်ရန်အတွက် ကြောညာအပ်ပါသည်။

()    အရှေ့တိုင်းကုမ္ပဏီလီမိတက်၏ ခဲမဖြူ/အဖြိုက်နက် တူးဖော်ထုတ်လုပ်ခြင်း အတွက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီအရင်ခံစာ (တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ဘဝပင်ကျေးရွာအုပ်စု B-4 လုပ်ကွက်)

()    ချစ်ခင်ပူးပေါင်းကုမ္ပဏီလီမိတက်၏ ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်းအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ မော်ခါးကျေးရွာအုပ်စု၊ SWTO-၉၁)

()    အရှေ့တိုင်းကုမ္ပဏီလီမိတက်၏ ခဲမဖြူ/အဖြိုက်နက် တူးဖော်ထုတ်လုပ်ခြင်း အတွက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီအရင်ခံစာ (တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ဘဝပင်ကျေးရွာအုပ်စု ၊ရေပူတောင်လုပ်ကွက်)

 ()   ဟိန်းကောင်းဆက်ကုမ္ပဏီလီမိတက်၏ ရွှေသတ္တုတူးဖော် ထုတ်လုပ်ခြင်းအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်၊ တာကြန့် ဒေသ၊ SEMU-2)

()    ထာဝရသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်၏ ရွှေသတ္တုတူးဖော် ထုတ်လုပ်ခြင်း အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသို မြို့နယ်၊SWTO-17,18,19,20)

www.ecd.gov.mm  website ၏ မူဝါဒနှင့်ဥပ​​​​ဒေများ Link အောက်တွင် zip pdf ဖိုင်များကို Download လုပ်ယူ၍ ကြည့်ရူနိုင်ပါသည်။

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab

Download [80.13 MB]