23
Mar

အင်းလေးကန်၏ ရေထုအရည်အသွေးအား တိုင်းတာစစ်ဆေးခြင်း

၂၃-၃-၂၀၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်း ဦးဆောင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် အင်းလေးကန်၏ အရှေ့ဘက်နှင့် အနောက်ဘက် ရေထုအရည်အသွေးအား သိရှိရန်အတွက် အင်း၏အရှေ့ဘက် တိုင်းတာမှတ်ဖြစ်သည့် မိုင်းသောက်ရွာ အင်းရေအား Onsite တိုင်းတာခြင်း၊ ရေနမူနာကောက်ယူခြင်း၊ အင်း၏အနောက်ဘက် တိုင်းတာမှတ်ဖြစ်သည့် ခေါင်တိုင်ရွာအင်းရေအား Onsite တိုင်းတာခြင်း၊ ရေနမူနာကောက်ယူခြင်း၊ အင်းပေါခုံရွာရှိ ဦးသန်းလှိုင်၏ ချည်ဆေးဆိုးလုပ်ငန်းမှ ထွက်ရှိသော စွန့်ပစ်ရေများအား အင်းလေးကန်အတွင်းသို့ မစွန့်ပစ်မီ ရေဆိုးသန့်စင်သည့်စနစ်ဖြင့် သန့်စင်နေမှုအား စစ်ဆေးခြင်း၊ အင်းလေးကန်အတွင်းသို စွန့်ပစ်လျက်ရှိသော စွန့်ပစ်ရေဆိုးများ၏ ရေနမူနာကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့​ပါသည်။