
01
Feb
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
၃၁.၁.၂၀၂၄ ရက်နေ့ ၊ နံနက်(၉:၀၀) နာရီအချိန်တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း တွင် ကျင်းပပြုလုပ်သည့် လူငယ်အသိပညာပေးဟောပြောပွဲ ၌ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးကျော်နိုင်ဦး(လ/ထညွှန်မှူး) က “ လူငယ်နှင့် ရေချိုသယံဇာတထိန်းသိမ်းရေး´´ ခေါင်းစဥ်ဖြင့်ဟောပြောဆွေးနွေးခဲ့ပြီး
မေးခွန်းများ အပြန်အလှန်မေးမြန်းဖြေကြားခြင်း ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် တက္ကသိုလ်စာကြည့်တိုက် သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်များစာအုပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည် ။
အဆိုပါ လူငယ်အသိပညာပေးဟောပြောပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်နှင့် အရာထမ်းများ ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ ၊ တက္ကသိုလ်ကျောင်းသား/သူများ စုစုပေါင်း အင်အား (၁၇၀)ဦး တက်ရောက်ခဲ့ပြီး လူငယ်အသိပညာပေးဟောပြောပွဲသည် (၁၄:၀၀ ) နာရီအချိန်တွင် ပြီးစီးခဲ့ပါသည် ။ 



