23
Mar

လဟယ်မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်း

၂၂-၃-၂၀၂၄ ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် လဟယ်မြို့နယ်၊ ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမတွင် လဟယ်မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာ၊ ရွှေ့ပြောင်းတောင်ယာစနစ်နှင့် တောမီးလောင်ကျွမ်းမှုအကြောင်း ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျေးရွာများမှ စေတနာ့ဝန်ထမ်း (၄၀)ဦး၊ ကျန်းမာရေးဝန်ထမ်း (၈)ဦးတို့ တက်ရောက်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။