03
Apr

လက်ထောက်စီမံကိန်းညှိနှိုင်းရေးမှူး (၁) ဦး ခေါ်ယူခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

.

၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း စီမံအုပ်ချုပ်မှု ဆိုင်ရာစီမံကိန်းတွင် လက်ထောက်စီမံကိန်းညှိနှိုင်းရေးမှူး (၁) ဦး ခေါ်ယူခန့်ထားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၂။      စီမံကိန်းကာလမှာ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ မတ်လအထိ (၃) နှစ်ဖြစ်ပြီး ကျန်ရှိ သည့် စီမံကိန်းကာလအတွက် စီမံကိန်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လက်ထောက် စီမံကိန်းညှိနှိုင်းရေးမှူး (၁) ဦး လစ်လပ်လျက်ရှိပါသဖြင့် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်း နှင့်ပြည့်မီသည့် စိတ်ပါဝင်စားသူများသည် ကိုယ်ရေးရာဇဝင်၊ အသေးစိတ် အချက်အလက်များနှင့် အတူ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန၊ ရုံးအမှတ် (၅၃)၊ နေပြည်တော်သို့ ပေးပို့ လျှောက်ထားနိုင်ပါသည်-

(က)   သက်မှတ်အရည်အချင်း

(၁)     ဓာတုအင်ဂျင်နီယာ၊ ကုန်ထုတ်ဓာတုဗေဒ၊ ဓာတုဗေဒ၊ ပတ်ဝန်းကျင်နှင့်ဆိုင်သော ဘာသာရပ်တစ်ခုခုတွင် သိပ္ပံဘွဲ့ (သို့မဟုတ်) မဟာသိပ္ပံဘွဲ့ ရရှိသူ ဖြစ်ရမည်။

(၂)     သက်ဆိုင်ရာနယ်ပယ်၌ လုပ်သက်အနည်းဆုံး (၂) နှစ် ရှိရမည်ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိပါက ပိုမိုကောင်းမွန်သည်။

(၃)     စည်းမျဉ်းစည်းကမ်း ဗဟုသုတ၊ အဖွဲ့အစည်းဆိုင်ရာ စီမံဆောင်ရွက်နိုင်မှု (သို့မဟုတ်) မြန်မာနိုင်ငံရှိ အခြားသော ဥပဒေဆိုင်ရာကိစ္စရပ်များ (ပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်ပယ် ဖြစ်ပါက ပို၍ကောင်းသည်) နှင့်ဆိုင်သော ဗဟုသုတများ ရှိရမည်။

(၄)     မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့်ဆက်စပ်သော ဗဟုသုတများ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းစီမံအုပ်ချုပ်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြားသက်ဆိုင်သူများ အား ပြေပြစ်စွာ ဆက်ဆံနိုင်ရမည်။

(၅)     အလားတူ Project Assistant ရာထူးတွင် အတွေ့အကြုံရှိသူ ဖြစ်ရမည်။

(၆)     စာရွက်စာတမ်းများ ပြုစုရာတွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားပြောဆို နိုင်ရမည်။

(၇)     ကွန်ပျူတာ (Microsoft ၊ Excel) ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရမည်။

(၈)     စီမံကိန်းနှင့်သက်ဆိုင်သည့် ငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရမည်။

(၉)     ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ရမည်။

(၁၀)   Team Work လုပ်ကိုင်နိုင်စွမ်းရည် ရှိရမည်။

(၁၁)   အစိုးရဝန်ထမ်း မဟုတ်သူ ဖြစ်ရမည်။

(၁၂)   ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။

(၁၃)   လိုအပ်ပါက ပြည်တွင်းခရီးသွားလာနိုင်သူ ဖြစ်ရမည်။

( ခ )   တာဝန်ထမ်းဆောင်ရမည့်နေရာ   ‑    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

ရုံးအမှတ် (၅၃) ၊နေပြည်တော်

( ဂ )   တာဝန်ထမ်းဆောင်ရမည့်ကာလ  ‑    ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် မတ်လအထိ

(ဃ)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

( င )   လက်ထောက်စီမံကိန်းညှိနှိုင်းရေးမှူး၏ တာဝန်ဝတ္တရားများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရေးဌာန (ဖုန်း‑၀၆၇‑၄၃၁၃၂၁) တွင် ဆက်သွယ် ရယူနိုင်ပါသည်။

 

ဆက်သွယ်ရန်လိပ်စာ         ‑        ညွှန်ကြားရေးမှူး

ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရေးဌာန

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

ရုံးအမှတ် (၅၃) ၊နေပြည်တော်

ဖုန်း‑ ၀၆၇‑ ၄၃၁၃၂၀ ၊ ၀၆၇-၄၃၁၃၂၁

ဖက်စ်‑၀၆၇‑၄၃၁၃၂၁

E‑mail‑ mingmaoforester@gmail.com

mr.embryo@gmail.com

pcd.ecd.mm@gmail.com