
ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု
“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လေးသည် ၆-၁၁-၂၀၁၈ ရက်နေ့တွင် ရွာငံမြို့၊ အ.ထ.က-မြိုင်ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ယုယုမွန်သည် ၆-၁၁-၂၀၁၈ ရက်နေ့တွင် ရွာငံမြို့နယ်၊ အ.ထ.က-မြင်းကျဒိုးကျောင်း၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးအောင်ဇော်လေးသည် ၁၃-၁၁-၂၀၁၈ ရက်နေ့တွင် ဆီဆိုင်မြို့၊ အ.ထ.က-ဆိုက်ခေါင်ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ယုယုမွန်သည် ၁၃-၁၁-၂၀၁၈ ရက်နေ့တွင် ဆီဆိုင်မြို့၊ အ.ထ.က(ခွဲ)ဆီဆိုင်ကျောင်း၌လည်းကောင်း၊ ၂၈-၁၁-၂၀၁၈ ရက်နေ့တွင် တောင်ကြီးမြို့၊ အ.ထ.က-လုံကားကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးအောင်ကျော်သည် ၂၈-၁၁-၂၀၁၈ ရက်နေ့တွင် တောင်ကြီးမြို့၊ အ.ထ.က-ပန်းသခွားကျောင်း၌လည်းကောင်း “ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် ရာသီပြောင်းလဲမှုအကြောင်း၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေး သင်လည်းပါဝင်လှုပ်ရှားပေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်း သိကောင်းစရာ” စသည့် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့ပြီး စုစုပေါင်း (၂၈၆၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”

