ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသားအဆင့် အစီရင်ခံစာ (Second National Communicaiton – SNC) ရေးဆွဲပြုစုရေးစီမံကိန်းဆိုင်ရာ Project Accountant (၁) ဦးခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ရုံးအမှတ်(၅၃)၊ နေပြည်တော်
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသားအဆင့် အစီရင်ခံစာ (Second National Communicaiton – SNC) ရေးဆွဲပြုစုရေးစီမံကိန်းအား ထိရောက်စွာအချိန်ပြည့်ဆောင်ရွက်နိုင်ရေး Project Accountant (၁) ဦးအား ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (United Nations Environment Programme-UNEP) မှ ငွေကြေးအထောက်အပံ့ဖြင့် ပြင်ပမှ ခေါ်ယူခန့်ထားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါ စီမံကိန်းကာလမှာ (၃၆) လဖြစ်ပြီး စီမံကိန်းလက်ကျန်ကာလ (၂၄) လအတွက် ပူးတွဲပါအရည်အချင်းနှင့်ပြည့်မီသူ Project Accountant (၁) ဦး ရာထူးနေရာ လစ်လပ်လျက် ရှိပါသည်။ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသည့် စိတ်ပါဝင်စားသူများသည် ကိုယ်ရေးရာဇဝင် အသေးစိတ်အချက်အလက်များနှင့်အတူ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၃)၊ နေပြည်တော်သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
(က) သတ်မှတ်အရည်အချင်း (Project Accountant)
(၁) စာရင်းအင်းနှင့်ဘဏ္ဍာရေးဆိုင်ရာ ဒီပလိုမာ (သို့) ဘွဲ့တစ်ခုခု ရရှိရမည်။
(၂) သက်ဆိုင်ရာနယ်ပယ်၌ လုပ်သက်အနည်းဆုံး (၅)နှစ် ရှိရမည်ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်း အတွေ့အကြုံ
ရှိပါက ပိုမိုကောင်းမွန် ပါသည်။
(၃) (Microsoft Word၊ Excel နှင့် Powerpoint) အပါအဝင် ကွန်ပျူတာ ကျွမ်းကျင်ပြီး အထူးသဖြင့် စီမံကိန်းဆိုင်ရာ အချက်အလက်
များအား စာရင်းသွင်းထိန်းသိမ်းခြင်း ကျွမ်းကျင်သူဖြစ်ရမည်။
(၄) နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
(၅) ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရမည်။
(၆) အစိုးရဝန်ထမ်းမဟုတ်သူဖြစ်ရမည်။
(၇) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(၈) လိုအပ်ပါက ပြည်တွင်းခရီး သွားလာနိုင်သူဖြစ်ရမည်။
(၉) အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ ရေးသားနိုင်သူ၊ ပြောဆိုဆက်သွယ်နိုင်သူ ဖြစ်ရမည်။
(ခ) တာဝန်ထမ်းဆောင်ရမည့်နေရာ – ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ရုံးအမှတ်(၅၃)၊ နေပြည်တော်
(ဂ) တာဝန်ထမ်းဆောင်ရမည့်ကာလ – (၂၄) လ
(ဃ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(င) Project Accountant တို့၏ တာဝန်ဝတ္တရားများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ မူဝါဒ၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့်
လေ့ကျင့်/သုတေသနဌာနခွဲ (ဖုန်း-၀၆၇-၄၃၁၃၂၅) ထံတွင် ဆက်သွယ်ရယူနိုင်ပါသည်။
ဆက်သွယ်ရန်လိပ်စာ – ဦးအောင်သူဟန်
လက်ထောက်ညွှန်ကြားရေးမှူး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ရုံးအမှတ်(၅၃)၊ နေပြည်တော်
ဖုန်း- ၀၆၇-၄၃၁၃၂၅၊ ၀၉ ၇၈၅၅၅၄၆၆၈
ဖက်စ်- ၀၆၇-၄၃၁၃၂၄
E-mail −agthuhann@gmail.com
– ဦးကျော်မိုးအောင်
Project Coordinator
Myanmar Second National Communication
ရုံးအမှတ်(၅၃)၊ နေပြည်တော်
ဖုန်း- ၀၉ ၇၈၆၇၈၁၄၂၆၊ ၀၉ ၄၅၈၀၂၀၇၈၇
E-mail −kyawmoeaung.kyawmoe@gmail.com