
29
Dec
ရခိုင်ပြည်နယ်၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု
“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင် ဦးဆောင်သောအဖွဲ့သည် ၂၉.၁၂.၂၀၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ၊ ပုဏ္ဏားကျွန်းမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံပြည်သူပေါင်း (၁၀၂) ဦး တက်ရောက်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှ အနာဂတ်ကြုံတွေ့နိုင်သည့် ရာသီဥတု ဆိုးကျိုးများခေါင်းစဉ်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း ” သတင်းရရှိပါသည်။