
မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ဝင်းထက်နှင့် ဌာနခွဲစာရေး ဒေါ်ကြည်သာဝင်းတို့သည် ၉-၁၁-၂၀၁၈ ရက်နေ့နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့နယ်၊ အ.ထ.က(၁)ကျောင်း၌ လည်းကောင်း၊ နေ့လည်ပိုင်းတွင် သံဖြူဇရပ်မြို့နယ်၊ အ.ထ.က(၂)ကျောင်း၌လည်းကောင်း၊ ညနေပိုင်းတွင် သံဖြူဇရပ်မြို့နယ်၊ အ.ထ.က(ကျိုက္ခမီ)ကျောင်း၌လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းသည် ၁၂-၁၁-၂၀၁၈ ရက်နေ့တွင် သထုံခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးအောင်အောင်လေးနှင့် ဦးစီးအရာရှိ ဒေါ်သိမ့်မွန်မွန်ဆွေ တို့သည် ၁၃-၁၁-၂၀၁၈ ရက်နေ့တွင် မွန်ပြည် နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်သိမ့်မွန်မွန်ဆွေနှင့် ဒုတိယဦးစီးမှူး ဒေါ်အေးမြတ်မြတ်အောင်တို့သည် ၁၆-၁၁-၂၀၁၈ ရက်နေ့နံနက်ပိုင်းတွင် ကျိုက်မရောမြို့နယ်၊ အ.ထ.က (ကဒါ)ကျောင်း၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ကျိုက်မရောမြို့နယ်၊ အ.ထ.က(ချောင်းနှစ်ခွ)ကျောင်း၌လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် ဦးစီးအရာရှိ ဦးဝင်းကိုတို့သည် ၃၀-၁၁-၂၀၁၈ ရက်နေ့တွင် သထုံ မြို့နယ်၊ အ.ထ.က(သိမ်ဆိပ်)ကျောင်း၌လည်းကောင်း၊ ၃၁-၁၁-၂၀၁၈ ရက်နေ့တွင် သထုံမြို့နယ်၊ အ.ထ.က(ပုတိန်ရိုးဖော်ဖ)ကျောင်း၌လည်းကောင်း“ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေစွာနေထိုင်ရေး၊ ကျွန်ုပ်တို့ ပတ်ဝန်း ကျင်ရှိ အမှိုက်များနှင့်ကြွပ်ကြွပ်အိတ်အန္တရယ်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါစို့၊ ဝန်းကျင်အလှအမှိုက်ကင်းစင်မှ၊ မြန်မာနိုင်ငံ၏ သတ္ထုကဏ္ဍအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာတင်ပြချက်၊ သတ္ထုတူးဖော်ရေး အတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ” စသည့် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချဆွေးနွေးခဲ့ပြီး စုစုပေါင်း (၂၅၃၁) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

