18
Aug

မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) (မြန်မာ/အင်္ဂလိပ်) အများပြည်သူများ ဖတ်ရှုနိုင်ရေးအတွက် ထုတ်ပြန်ခြင်း

   မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) ကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၀ ဖြင့် ၂၇-၁-၂၀၂၀ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၏ ရေရှည်မျှော်မှန်းချက်မှာ “မြန်မာနိုင်ငံ၏ တောက်ပသောအနာဂတ်ကို ရည်မှန်း၍ ထာဝစဉ်စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင်ကို ဖော်ဆောင်သွာရန်” ဖြစ်ပြီး ရည်ရွယ်ချက်မှာ “မြန်မာနိုင်ငံတွင် ပိုမိုစိမ်းလန်း သန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင်အခြေအနေကို ရရှိနိုင်ရေးအတွက် ထုတ်လုပ်သူနှင့် စားသုံးသူအားလုံး ပူးပေါင်းပါဝင်ခြင်း၊ စွန့်ပစ်ပစ္စည်းအားလုံးကို ပြန်လည် အသုံးချနိုင်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုလုံးဝမရှိစေခြင်းနှင့် စွန့်ပစ်ပစ္စည်းအားလုံးကို ပြန်လည် အသုံးပြုသည့် ပတ်လည်စီးပွားရေးစနစ်ဖြစ်ခြင်းတို့ကို အခြေခံသော ဘက်စုံစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာ ကို ရေးဆွဲအကောင်အထည်ဖော်ရန်” ဖြစ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) (မြန်မာ/အင်္ဂလိပ်) ကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ website ဖြစ်သော www.ecd.gov.mm ၏ မူဝါဒနှင့်ဥပဒေများ Link အောက်တွင် pdf ဖိုင်များကို Download လုပ်ယူ၍ ကြည့်ရှုနိုင်ပါသည်။

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab
Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab