မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ ချမှတ်ခြင်း
မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ ချမှတ်ခြင်း
ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုကို ကာကွယ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရေ၊ မြေ၊ သစ်တော၊ ဓာတ်သတ္တု၊ အဏ္ဏဝါသယံဇာတနှင့် အခြား သဘာဝသယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲရာတွင် သင့်လျော်ကောင်းမွန်သည့် ပတ်ဝန်းကျင်ရေးရာ မူဝါဒများကို ချမှတ်ပေး နိုင်ရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် အောက်ဖော်ပြပါ မူဝါဒကို ချမှတ် လိုက်သည်-
“နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုသည် ယင်းနိုင်ငံ၏ ပြည်သူများ၊ ယဥ်ကျေးမှု အမွေအနှစ်များ၊ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတပစ္စည်းများပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ရေးရာမူဝါဒ ရည်မှန်းချက်မှာ ပြည်သူတစ်ရပ်လုံး၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းစဥ်များတွင် ပတ်ဝန်းကျင်ရေးရာကိစ္စများကို ထည့်သွင်း ပေါင်းစပ်ခြင်းအားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှု၊ ဟန်ချက်ညီမျှမှုတို့ကို ရရှိစေရေးပင် ဖြစ်သည်။ နိုင်ငံတိုင်းသည် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်မှုကို မထိပါးစေရန် သို့မဟုတ် အကျိုးစီးပွားကို မထိခိုက်စေရန် အထူးအလေးထား၍ မိမိနိုင်ငံ၏ ပတ်ဝန်းကျင်ရေးရာ မူဝါဒများနှင့်အညီ မိမိနိုင်ငံပိုင် သဘာဝသယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲနိုင်သည့် အချုပ်အခြာ အာဏာပိုင်ခွင့် ရှိသည်။ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးနွယ်ဆက်များ၏ အကျိုးငှာ သဘာဝသယံဇာတပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရေးရာ ကာကွယ် စောင့်ရှောက်မှုကို ပဓာနကျသော ရည်မှန်းချက်အဖြစ် ထာဝစဥ်ထားရှိရမည်ဖြစ်သည်။
အဆိုပါမူဝါဒကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ်၊ ၂၆/၉၄ ဖြင့် ပြန်တမ်းထုတ်ပြန်ကြောင်း သတင်းရရှိပါ သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
ရန်ကုန်မြို့။
ရက်စွဲ၊ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်။
(ခ) အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ အကောင်အထည်ဖော်ရေးအတွက် မဟာဗျူဟာ လုပ်ငန်းစဥ်
(၁) ဖွဲ့စည်းမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး။
(က) ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသားကော်မရှင်ကို ဥပဒေအရလုပ်ပိုင်ခွင့် အာဏာအပ်နှင်းထားသော အဖွဲ့အစည်းအဖြစ်သို့ မြှင့်တင်ရေး၊
(ခ) မူဝါဒ အကောင်အထည်ဖော်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်ကို ပြုပြင်ဖွဲ့စည်းရေးနှင့် အားဖြည့်တင်းရေး၊
(ဂ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသားကော်မရှင် အတွက် ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စများတွင် သီးခြား စီမံခန့်ခွဲခွင့် ရှိရေး၊
(ဃ) လုပ်ငန်းဆောင်ရွက်မှု ထိရောက်စေရေးအတွက် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊၊
(င) ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆောင်ရွက်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်း ပါဝင်ရေး၊
(၂) အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းစဥ်။
(က) ကဏ္ဍအလိုက် ဥပဒေများကို ပြန်လည်သုံးသပ်ရေးဆွဲ ဖော်ထုတ်ရေးနှင့် ကဏ္ဍပေါင်းစုံ အကျုံးဝင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတစ်ရပ် ရေးဆွဲ ပြဌာန်းရေး၊
(၁) ပတ်ဝန်းကျင်ထိခိုက်မှု ကြိုတင်အကဲဖြတ်သည့်စနစ် ကျင့်သုံးရေး အတွက် ကဏ္ဍပေါင်းစုံ အကျုံးဝင်သော ဥပဒေသစ် တစ်ရပ် ပြဌာန်းရေး၊
(၂) ကဏ္ဍအလိုက် တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ရေးနှင့် လိုအပ်ပါက ပြင်ဆင်ရေးနှင့် ဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဥ်းသစ် များထုတ်ပြန်ရေး၊
(ခ) ပတ်ဝန်းကျင်ထိခိုက်မှုကို ကြိုတင်အကဲဖြတ်သည့်စနစ် ကျင့်သုံးရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်၊ စံနှုန်းများ သတ်မှတ်ရေး၊
(ဂ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသားကော်မရှင်မှအမျိုးသားပတ်ဝန်းကျင် ထိန်းသိမ်းရေးမဟာဗျူဟာ မူကြမ်းတစ်ရပ် ရေးဆွဲရေး၊
(ဃ) ပတ်ဝန်းကျင်ဆိုင်ရာ စာရင်းအခြေခံများ စုဆောင်းထားရှိရေး၊
(၁) ပတ်ဝန်းကျင်အြေခအနေပြ အစီရင်ခံစာ၊
(၂) မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ အသွင်အပြင် အနေအထား၊
(င) ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ ပြန့်ပွား တိုးမြှင့်ရေး၊
(၁) ကျောင်းများနှင့် တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများ၊
(၂) လူထုဆက်သွယ်ရေးလုပ်ငန်းများ အသုံးပြုရေး၊
(၃) သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းပါဝင်ရေး၊
(၄) နယ်စပ်ဒေသများနှင့် ကျေးလက်ဒေသများအရောက် ပတ်ဝန်းကျင် အသိပညာ ပြန့်ပွားမှု တိုးမြှင့်ရေး၊
(စ) ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲချမ်းသာ ကွာဟမှု လျော့ပါးရေး၊
(ဆ) ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော စွမ်းအင်မဟာဗျူဟာများ ချမှတ်ရေး၊
(ဇ) အများ ပြည်သူ လူထု ပူးပေါင်းပါဝင်ရေး၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၏ ပံ့ပိုးမှု ရယူရေးနှင့် ကူညီအားပေးရေး၊
(စျ) သယံဇာတ အရင်းအမြစ်များ ရှိရာဒေသ အနီးဝန်းကျင်တွင် နေထိုင်သူများ အား လူမှု၊ စီးပွားရေး အကျိုးကျေးဇူးများ သင့်လျော်သလို ခံစားခွင့် ရရှိ အောင် ဆောင်ရွက်ပေးရေး၊
(ည) ဆိုင်ရာကဏ္ဍများ
(၁) စိုက်ပျိုးရေး
(၂) သစ်တောရေးရာ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး
(၃) ရေရှိမှု အရင်းအမြစ်များ
(၄) သတ္တုတူးဖော်ရေး
(၅) စွမ်းအင်
(၆) စက်မှု
(၇) ခရီးသွားလာရေးနှင့် အပန်းဖြေရေး
(၈) မြေအသုံးချမှု
(၉) ငါးလုပ်ငန်း
(၁၀) သယ်ယူပို့ဆောင်ရေး
(၁၁) လူဦးရေးနှင့် ကျန်းမာရေး
(၁၂) ယဥ်ကျေးမှု အမွေအနှစ်
– ရှေးဟောင်းအဆောက်အအုံများ
– သမိုင်းဝင် / ဗိသုကာရပ်ဆိုင်ရာ အရေးပါသည့် နေရာများ
(၁၃) ပညာရေး
(၁၄) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
.