
31
Oct
မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သင်ခန်းစာပို့ချမှု
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သင်တန်းကျောင်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်ခန်းစာများ ပို့ချလျက်ရှိရာ ၃၁.၁၀.၂၀၁၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုအေးသည် ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၌ ဖွင့်လှစ်သည့် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၂) သင်တန်းတွင် သင်တန်းသား (၇၈) ဦးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာသာရပ်ကို သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။