10
Sep

မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

“  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးလှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက် ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ  ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်း ဦးဆောင်သော အဖွဲ့သည် ၁၀.၉.၂၀၁၅ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ အ.ထ.က(ကျောက်မီး) ၌ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများ (၂၆၄) ဦးကိုလည်းကောင်း၊ ၁၁.၉.၂၀၁၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ အ.ထ.က(မင်းဂံ) ၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများ (၁၄၀) ဦးကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းမှ ညစ်ညမ်းမှုများလျော့ချရေး စနစ်တကျစွန့်ပစ်ပေး၊ ဒုတိယဦးစီးမှူး ဒေါ်ကြယ်စင်ထွန်းမှ အိုဇုန်းလွှာ၏အရေးပါပုံ စသည့်ခေါင်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ ကြောင်း ”  သတင်းရရှိပါသည်။