
16
Nov
မကွေးတိုင်းဒေသကြီး အသိပညာပေးဟောပြောပွဲ
“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ဒုတိယညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကိုကို ဦးဆောင်သောအဖွဲ့သည် ၁၆.၁၁.၂၀၁၅ ရက်နေ့ နံနက် (၀၉:၀၀) အချိန်တွင် မကွေးမြို့၊ အ.ထ.က(၃)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကိုကိုမှ အိုဇုန်းလွှာထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများနှင့် ဒုတိယဦးစီးမှူး ဒေါ်ဇွန်ဇာသန်းနိုင်မှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး နည်းလမ်းများ စသည့်ခေါင်းစဉ် များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။”