
မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလမင်းသန်းသည် ၂-၁၁-၂၀၁၈ ရက်နေ့တွင် မြိုင်မြို့နယ်၊ ညောင်ရွာ၌လည်းကောင်း၊ ၅.၁၁.၂၀၁၈ ရက်နေ့တွင် ပေါက်မြို့နယ်၊ ဝန်တင်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတို့၌လည်းကောင်း၊ ၁၃-၁၁-၂၀၁၈ ရက်နေ့တွင် ဒုတိယဦးစီးမှူး ဒေါ်ရည်ဇင်ငြိမ်းသည် ဂန့်ဂေါမြို့နယ်၊ (အ.ထ.က)ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဆုဆုဇင်သည် ဂန့်ဂေါမြို့၊ အ.ထ.က(ရှုံးရှီ)ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ရည်ဇင်ငြိမ်းသည် ၁၄-၁၁-၂၀၁၈ ရက်နေ့တွင် ဂန့်ဂေါမြို့၊ အ.ထ.က(မြို့မ)ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးစိန်မောင်ဌေးနှင့် ဒုတိယဦးစီးမှူး ဦးအောင်မင်းစိုးတို့ သည် ၂၃-၁၁-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့၊ မူလွန်(ကင်းကျောင်း)၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဒုတိယဦးစီးမှူး ဦးငြိမ်းထွန်းနိုင်သည် မကွေးမြို့နယ်၊ မူလွန်(ကန်ရွာလေး)ကျောင်း၌လည်းကောင်း၊ ၁၆-၁၁-၂၀၁၈ ရက် နေ့တွင် သတ္ထုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလမ်းညွှန်ချက်အပြီး သတ်မူကြမ်းများအပေါ် ရှင်းလင်းဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌လည်းကောင်း၊(၁-၁၁-၂၀၁၈ မှ ၂၀-၁၁-၂၀၁၈) ရက်နေ့အထိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်း အမှတ်စဉ် (၁/၂၀၁၈) ကို မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌လည်းကောင်း၊ “လူမှုစီးပွားထောက်ပံ့ပေးမှုဆိုင်ရာ CSR အကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာနည်းလမ်းများ၊ သဘာဝဘေးကာကွယ်ဖို့ သစ်ပင်စိုက်ကြစို့၊ သင့်ပတ်ဝန်းကျင်သာယာဖို့ တက်နိုင်သလောက်ထိန်းကြစို့၊ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ကြစို့” စသည့် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချဆွေးနွေးခဲ့ပြီး စုစုပေါင်း (၂၉၇၉) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

