10
Mar
ပြင်ပဝင်ပေါက်မှခေါ်ယူသည့် ဒုတိယလက်ထောက်ဦးစီးမှူးရာထူး (၁၀) နေရာအတွက် လူတွေ့အောင်မြင်သူစာရင်း ထုတ်ပြန်ခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈) နေပြည်တော်၌ (၂၃-၂-၂၀၂၆) ရက်နေ့တွင် လူတွေ့စစ်ဆေးအောင်မြင်ခဲ့သည့် အောက်ပါပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာအပ်ပါသည်။
လူတွေ့အောင်မြင်သူများသည် ခန့်ထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ရုံးအမှတ် (၅၈)၊ နေပြည်တော်သို့ ၁၁-၃-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် လူကိုယ်တိုင်လာရောက်သတင်းပို့ရမည်ဖြစ်ပြီး သတ်မှတ်ရက်တွင် လာရောက်သတင်းပို့ရန် ပျက်ကွက်သူများနှင့် ကျန်းမာရေးဆေးစစ်ခံယူပြီးပါက ဆေးစစ်အောင်မြင်ခြင်းမရှိသူများအား ခန့်ထားခြင်းမှပယ်ဖျက်သွားမည်ဖြစ်ပါသည်။