
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ ၃-၅-၂၀၁၇ ရက်နေ့ (၀၉:၃၀) နာရီမှ (၁၆:၀၀) နာရီအချိန်အထိ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးအား ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းမှ လုပ်ငန်းကော်မတီနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် MCCA မှ National Technical Advisor ဖြစ်သူ ဦးဟုန်းလိန်းမှ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလိုက်လျောညီထွေရှိစေရေး လုပ်ငန်းဆောင်ရွက်မှုများ (ပခုက္ကူ၊လပွတ္တာ) ဆိုင်ရာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ လုပ်ငန်းကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးတင်ပြကြပြီးနောက် လုပ်ငန်းကော်မတီ ဥက္ကဌ၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီမှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးအား ညနေ (၁၆:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။