31
Dec

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ (၀၉:၀၀) နာရီမှ (၁၈:၃၀) နာရီအချိန်အထိ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ (၂/၂၀၁၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/မူဝါဒ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကာကွယ်ရေး/သယံဇာတ) ၊ တိုင်းဒေသကြီး/ပြည်နယ်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊  တာဝန်ခံအရာရှိများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်းများ စုစုပေါင်း (၅၀) ဦးခန့်ဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။