
23
Oct
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၃)၊ နေပြည်တော်၊ ရုံးချုပ်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် (၀၉:၃၀) နာရီအချိန်တွင် သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လမ်းညွှန်ချက်(မူကြမ်း) အပေါ် ညှိနှိုင်းအစည်းအဝေးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်း ဦးဆောင်၍ WWF၊ ADB ၊ သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ဆန်းစစ်ခြင်း လမ်းညွှန်ချက်ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
