
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု
နေပြည်တော်၊ Grand Amara Hotel ၌ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့မှ (၂၇) ရက်နေ့အထိ (၀၉:၀၀) နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP) တို့အကြား နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး၍ မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (MCCA) စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့် ကနဦးလုပ်ငန်းအစီအစဉ်များ ရွေးချယ်သတ်မှတ်ခြင်းဆိုင်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်(သတ္တုကဏ္ဍ)၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ စည်ပင်သာယာရေးကော်မတီ (နေပြည်တော်/ရန်ကုန်/မန္တလေး)၊ တိုင်းဒေသကြီး/ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများမှ အရာထမ်းများ၊ UN-Habitat၊ UN Environment၊ စက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျင်းပခဲ့ကြောင်း သတင်းရရှိ
