22
Jun

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် Institute for Global Environmental Strategies (IGES) မှ Mr. Kazuhisa Koakutsu တို့ဦးဆောင်၍ JCM ဆိုင်ရာ အကောင်အထည်ဖော်မှု စည်းမျဉ်းစည်းကမ်းများ၊ Joint Committee ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စီမံကိန်းလုပ်ငန်းအဆင့်ဆင့်၊ Project Design Document (PDD) နှင့် စောင့်ကြည့်လေ့လာမှု အစီရင်ခံစာရေးဆွဲခြင်းဆိုင်ရာ လမ်းညွှန်ချက်များ၊ Third-Party Entity သတ်မှတ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ၊ ဖွဲ့စည်းအုပ်ချုပ်မှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ‘Capacity Building Workshop on Guidelines and Procedures’ အလုပ်ရုံဆွေးနွေးပွဲကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ၂၂-၆-၂၀၁၆ ရက်နေ့ (၀၉:၃၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။