09
Nov

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်မှ အရာထမ်း/အမှုထမ်းများ၏ ပြည်ပနိုင်ငံများသို့သွားရောက်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ အစည်းအဝေးများ တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများအား ပြန်လည်မျှဝေနိုင်ရေးအတွက် ကျင်းပပြုလုပ်သော ပြည်ပအတွေ့အကြုံ ရှင်းလင်းဆွေးနွေးပွဲကို  ရုံးချုပ် အစည်းအဝေးခန်းမ၌ ၃၀-၁၀-၂၀၁၇ ရက်နေ့ (၀၉:၃၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ  ဦးစီးအရာရှိ ဦးမြင့်ဇော်ဦးမှ ဆွီဒင်နိုင်ငံ၌ ၂၅-၉-၂၀၁၇ ရက်နေ့မှ ၁၃-၁၀-၂၀၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့် Strategic Environmental Assesment(SEA) Training မှရရှိသည့် အတွေ့အကြုံများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဝတ်ရည်မွန်မှ တရုတ်နိုင်ငံ၌ ၂၉-၆-၂၀၁၇ ရက်နေ့မှ ၂၀-၇-၂၀၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့် 2017 Seminor on Climate Change and Green Low-Carbon Development အစည်းအဝေးမှရရှိခဲ့သည့် အတွေ့အကြုံများကိုလည်ကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ အရာထမ်း/အမှုထမ်းများမှ  သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ အရာထမ်း/အမှုထမ်း (၄၅) ဦး တက်ရောက်ခဲ့ကြပြီး (၁၁:၁၀) နာရီအချိန်တွင် ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။