23
Mar

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဓာတ်ခွဲနည်းပညာသင်တန်း (မွမ်းမံ-၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

၁။     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဇီဝနည်းပညာ သုတေသနဦးစီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဓာတ်ခွဲနည်းပညာသင်တန်း (မွမ်းမံ-၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၂-၃-၂၀၂၄ ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

၂။     သင်တန်းဆင်းပွဲတွင် ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးအေးခိုင်က အမှာစကားပြောကြားခြင်း၊ မန္တလေးတိုင်း ဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲထွန်းက သင်တန်းအစီအစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်မှုအပေါ် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည့် နယ်ပယ်အသီးသီးအား ကျေးဇူးတင်စကားပြောကြားခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ သင်တန်းသူ/သားများသို့ သင်တန်းဆင်းလက်မှတ်များချီးမြှင့်ခြင်း၊ အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခြင်းတို့ဖြင့် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

၃။     သင်တန်းကို (၁၈-၃-၂၀၂၄)ရက်နေ့မှ (၂၂-၃-၂၀၂၄)ရက်နေ့အထိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဆက်စပ်ဌာနနှင့် တက္ကသိုလ်များမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၁၇)ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။