22
Feb

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှုသက်သေခံလက်မှတ် (ECC) (၃၀) ကြိမ်မြောက်ထုတ်ပေးခြင်းအခမ်းအနား

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းအရသက်ဆိုင်ရာစီမံကိန်းအဆိုပြုသူဌာန/ ကုမ္ပဏီများကတင်ပြလာသည့် IEE/ EMP/ EIA အစီရင်ခံစာများအနက်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှစိစစ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှအတည်ပြုပြီးဖြစ်သော IEE/ EMP/ EIA Report များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုသက်သေခံလက်မှတ် (ECC) ထုတ်ပေးသည့်အခမ်းအနားအား (၂၂-၂-၂၀၂၄) ရက်နေ့ နေ့လည် (၁၄: ၀၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ရုံးအမှတ် (၅၈) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ စီမံကိန်းအဆိုပြုသူ သက်ဆိုင်ရာဌာန/ ကုမ္ပဏီမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၅၀) ဦး အခမ်းအနားသို့တက်ရောက်ခဲ့ပြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှုသက်သေခံလက်မှတ် (၂၄)စောင် ထုတ်ပေးနိုင်ခဲ့ပါသည်။