17
May

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန(ရုံးချုပ်)၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်မှ အရာထမ်း/အမှုထမ်းများ၏ ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ၊ အစည်းအဝေးများသို့ တက်ရောက်ခဲ့သော အတွေ့အကြုံဗဟုသုတများအား မျှဝေနိုင်ရေးအတွက် ကျင်းပပြုလုပ်သော ပြည်ပအတွေ့အကြုံ ရှင်းလင်းဆွေးနွေးပွဲကို ရုံးချုပ် အစည်းအဝေးခန်းမ၌ ၈-၅-၂၀၁၇ ရက်နေ့ (၀၉:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ ဒေါ်မြသိင်္ဂီမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ၇-၃-၂၀၁၆ ရက်နေ့မှ ၉-၃-၂၀၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် ဒေသတွင်းဆိုင်ရာ ဓာတုဗေဒစီမံခန့်ခွဲမှု ဖိုရမ်မှရရှိသည့် အတွေ့အကြုံများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ၂၅-၅-၂၀၁၆ ရက်နေ့မှ ၂၇-၅-၂၀၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် မြေအသုံးချမှု ပြောင်းလဲခြင်းပုံစံများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာဒေသအဆင့် ကွန်ယက်အစည်းအဝေးမှရရှိခဲ့သည့် အတွေ့အကြုံများကိုလည်ကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ ဌာနအားလုံးရှိ အရာထမ်း/ အမှုထမ်းများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ရှင်းလင်းဆွေးနွေးပွဲသို့ အရာထမ်း/အမှုထမ်း (၄၀) ဦး တက်ရောက်ခဲ့ကြပြီး (၁၀:၄၀) နာရီ အချိန်တွင် ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။