01
Dec

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာများကို အများပြည်သူသိရှိပြီး သဘောထား မှတ်ချက်ပေးနိုင်ပါရန်

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာများကို အများပြည်သူသိရှိပြီး သဘောထား မှတ်ချက်ပေးနိုင်ပါရန်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့လာသော ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာများကို ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ်(၃၉၊ ၆၆၊ ၈၀) အရ အများပြည်သူသိရှိပြီး သဘောထားမှတ်ချက်ပေးနိုင်ရေးအတွက် “ အောက်ဖော်ပြပါ သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များအပေါ် သဘောထားမှတ်ချက်ပေးရန်ရှိပါက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့ နောက်ဆုံးထား၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးဌာနခွဲ eiaminning2group@gmail.com သို့ အကြံပြုပေးပို့ နိုင်ပါသည်-

(၁)   နီလာလင်းလက်ကုမ္ပဏီလီမိတက်၏ ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်းအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့ နယ်၊ ရေကြည်ကျေးရွာအုပ်စု)

(၂)   ​ထားဝယ်မြေကုမ္ပဏီလီမိတက်၏ ခဲမဖြူ၊ အဖြိုက်နက် သတ္တုတူးဖော် ထုတ်လုပ်ခြင်းအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘဝပင်ကျေးရွာအုပ်စု)၊

(၃)   ရွှေပြည်သာရွှေထုတ်လုပ်ခြင်းနှင့် သန့်စင်ခြင်းကုမ္ပဏီလီမိတက်၏ ရွှေအသေးစား တူးဖော်ထုတ်လုပ်ရေးလုပ်ကွက် အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (TPK-104၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု၊ ကွင်းသုံးဆယ်ကျေးရွာ၊ ဖက်ရှည်ဒေသ)

(၄)   ရှမ်းရွှေလီ သတ္တုတူးဖော်ကုမ္ပဏီလီမိတက်၏ ရွှေသတ္တုတူးဖော်ထုတ်လုပ်ခြင်းအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (ရှမ်းပြည်နယ်၊ နမ့်စန်မြို့ နယ်၊ ကျောက်ဖြူလေးဒေသ)

www.ecd.gov.mm  website ၏ မူဝါဒနှင့်ဥပ​​​​ဒေများ Link အောက်တွင် zip pdf ဖိုင်များကို Download လုပ်ယူ၍ ကြည့်ရူနိုင်ပါသည်။