18
May

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာများကို အများပြည်သူသိရှိပြီး သဘောထား မှတ်ချက်ပေးနိုင်ပါရန်

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာများကို အများပြည်သူသိရှိပြီး သဘောထား မှတ်ချက်ပေးနိုင်ပါရန်

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့လာသော ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာများကို ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ်(၃၉၊ ၆၆၊ ၈၀) အရ အများပြည်သူသိရှိပြီး သဘောထားမှတ်ချက်ပေးနိုင်ရေးအတွက် “ အောက်ဖော်ပြပါ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအစီရင်ခံစာနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များအပေါ် လူမှုပတ်ဝန်းကျင်ဆိုင်ရာ သဘောထားမှတ်ချက်ပေးရန်ရှိပါက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ နောက်ဆုံးထား၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးဌာနခွဲ eia.ecd@gmail.com သို့ အကြံပြုပေးပို့ နိုင်ပါသည်-

(၁)   Great Golden Empire Co.,Ltd ၏ရေမြုပ်သစ်ဆယ်ယူမည့်စီမံကိန်း အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲရေးအစီအစဉ် (စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ပလူဇဝ၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ တွန်းပင်နှင့် လောင်ကောင်း၊ ဖောင်းပြင်မြို့နယ်၊ သရောင်းနှင့် နန်းမော်လိုက်)

(၂)   Sun City Bago Industry Land Development Ldt., ၏ စက်ရုံများနှင့် ရုံးခန်းအဆာက်အဦများတည်ဆောက်၍ ပြန်လည်ဌားရမ်း ခြင်းလုပ်ငန်းအတွက် နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်း (ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု၊ OSS-၇၆ ကြေးတိုင်ပြင်ကွင်း၊ ဘူးလယ်အင်းကျေးရွာ အုပ်စု၊ ကွင်းအမှတ်(၁၁၇၆)၊ နဂုတ်ကြီးကွင်းရှိ မြေဧရိယာ (၈၃.၃)ဧကအနက် (၄၉)ဧက)

   www.ecd.gov.mm  website ၏ မူဝါဒနှင့်ဥပ​​​​ဒေများ Link အောက်တွင် zip pdf ဖိုင်များကို Download လုပ်ယူ၍ ကြည့်ရူနိုင်ပါသည်။

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab

Download [20.39 MB]