09
Nov

ပတ်ဝန်းကျင်ဆိုင်ရာအစီရင်ခံစာများ ပြုစုရေးသားရန်အတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ပြုလုပ်သည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းလိုင်စင်ရယူထားသော တတိယပုဂ္ဂိုလ် (၂၂) ဦး စာရင်းအား သတ္တမအကြိမ်မြောက် ထုတ်ပြန်ခြင်း

စီမံကိန်းအဆိုပြုသူများအနေဖြင့် လုပ်ငန်းလိုင်စင်ဆိုင်ရာစိစစ် သုံးသပ်ရေးဘုတ်အဖွဲ့မှ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့်ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းပြုလုပ်သည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် (၁၁) အရ လုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ရန် အပြီးသတ်စိစစ်ပြီး  အပိုဒ် (၁၂) အရ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းပြုလုပ်သည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းလိုင်စင် ရယူထားသော ပူးတွဲဖော်ပြပါ တတိယပုဂ္ဂိုလ် (၂၂) ဦးတို့ဖြင့် မိမိတို့၏ စီမံကိန်းများအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ထုံးလုပ်နည်း အပိုဒ် ၃၂၊ ၄၅၊ ၇၆ တို့အရ ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုအစီအစဉ်၊ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ များ ပြုစုရေးသားရန်အတွက် ရွေးချယ်လုပ်ကိုင်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။