ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာများကို အများပြည်သူသိရှိပြီး သဘောထားမှတ်ချက် ပေးနိုင်ရန်ကိစ္စ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့လာသော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာများကို ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ်(၃၉)၊ (၈၀)အရ အများပြည်သူသိရှိပြီး သဘောထားမှတ်ချက် ပေးနိုင်ရေး အတွက် “ အောက်ဖော်ပြပါ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း အစီရင်ခံစာများအပေါ် သဘောထားမှတ်ချက်ပေးရန်ရှိပါက ၁၅-၉-၂၀၂၂ ရက်နေ့ နောက်ဆုံး ထား၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးဌာနခွဲ eia.ecd@gmail.com သို့ အကြံပြုပေးပို့နိုင်ပါ သည်–
(က) Myanmar Asia Optical International Company Limited (MAOI)စက်ရုံ (၂) (C1,C2)၏ မှန်ဘီလူးအမျိုးမျိုးထုတ်လုပ်ခြင်း(ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်)
(ခ) Nilar Pulp and Paper Co.,Ltd.(URSP Mill) ၏ ကောက်ရိုးပျော့ဖတ်စက္ကူ ထုတ်လုပ်ခြင်းလုပ်ငန်း (ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်)
(ဂ) Smooth World International (Myanmar) Limited ၏ CMP စနစ်ဖြင့် အထည် အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း( ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်)
(ဃ) Myanmar Carlsberg Co.,Ltd ၏ ဘီယာချက်စက်ရုံ (ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်)
(င) Polly HK (Myanmar) Co.,Ltd ၏ အဝတ်အထည်လျှော်ဖွတ်ခြင်းလုပ်ငန်း (ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်)
(စ) Mountain Tree Indrustrial Co.,Ltd ၏ CMP စနစ်ဖြင့် ဦးထုပ်ချုပ်လုပ်ခြင်းလုပ်ငန်း ((ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်)
(ဆ) Cho Cho Industry Limited ၏ ခေါက်ဆွဲ၊ ကြာဇံ စသည့် ပစ္စည်းများအား အသင့်စားသောက်ကုန်အဖြစ် တန်းဖိုးမြှင့်ထုတ်လုပ်ခြင်းလုပ်ငန်း (ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်)
(ဇ) Shengze Gloves Company Limited ၏ လက်အိတ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း (ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်)
(ဈ) ဂရိတ်ဝမ်းကုမ္ပဏီလီမိတက်၏ ပလတ်စတစ်အိတ်တံဆိပ်ရိုက်လုပ်ငန်း (ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်)
(ည) Myanmar Bestex Garment Company Limited ၏ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း (ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်)
(ဋ) Yoke Pyo Co.,Ltd. ၏ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း (ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်)
(ဌ) Unifa Handbag Myanmar Company Limited ၏ CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း (ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာ)
(ဍ) Fullway Myanmar Clothing Company Limited ၏ CMP စနစ်ဖြင့် အထည်ချုပ် လုပ်ခြင်းလုပ်ငန်း (ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာ)
0 comments