ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ကို အများပြည်သူသိရှိပြီး သဘောထားမှတ်ချက်ပေးနိုင်ပါရန်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့လာသော ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် ကို ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ်(၃၉) အရ အများပြည်သူ သိရှိပြီး သဘောထားမှတ်ချက်ပေးနိုင်ရေးအတွက် “ အောက်ဖော်ပြပါ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များအပေါ် သဘောထားမှတ်ချက်ပေးရန်ရှိပါက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးဌာနခွဲ eia.ecd@gmail.com သို့ အကြံပြု ပေးပို့နိုင်ပါသည်-
(၁) လပြည့်ဝန်းရွှေကုမ္ပဏီလီမိတက်မှ မြေဧရိယာ (၄၉.၅)ဧကစီ ကျယ်ဝန်းသော လုပ်ကွက်အမှတ် (၁၊ ၃) တို့တွင် ခဲနှင့် ရောရာသတ္တု တူးဖော်ထုတ်လုပ်ခြင်းအတွက် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာ (၂) အုပ်
(၂) မြန်မာ့မြှားဦးကုမ္ပဏီလီမိတက်မှ မြေဧရိယာ (၄၉.၅)ဧက ကျယ်ဝန်းသော လုပ်ကွက် (၁၊ ၃)တွင် သံသတ္တုရိုင်း တူးဖော်ထုတ်လုပ်ခြင်းအတွက် ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်းအစီရင်ခံစာ (၁)အုပ်
(၃) ကျော်ကျော်စိန်မိုင်းနင်းကုမ္ပဏီလီမိတက်မှ မြေဧရိယာ(၁၅)ဧက ကျယ်ဝန်းသော လုပ်ကွက် (၁)နှင့် မြေဧရိယာ (၁၆.၅)ဧက ကျယ်ဝန်းသော လုပ်ကွက်အမှတ်(၂) တို့တွင် မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် တူးဖော်ထုတ်လုပ်ခြင်းအတွက် ကနဦး ပတ်ဝန်း ကျင်ဆန်းစစ်ခြင်းအစီရင်ခံစာ (၂)အုပ်
(၄) ဦးကျော်စိန်ကုမ္ပဏီလီမိတက်မှ မြေဧရိယာ (၁၆.၅)ဧကစီ ကျယ်ဝန်းသော လုပ်ကွက် (၁၊ ၂)တို့တွင် မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် တူးဖော်ထုတ်လုပ်ခြင်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာ(၂)အုပ်
(၅) နေ့သစ်အာရှကုမ္ပဏီလီမိတက်မှ မြေဧရိယာ(၄၉.၅)ဧကစီ ကျယ်ဝန်းသာ လုပ်ကွက် (၁၊ ၂၊ ၃၊ ၄)တို့တွင် ခဲသတ္တုတူးဖော်ထုတ်လုပ်ခြင်းအတွက် ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း အစီရင်ခံစာ (၄)အုပ်
0 comments