ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ကို အများပြည်သူသိရှိပြီး သဘောထားမှတ်ချက်ပေးနိုင်ပါရန်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့လာသော ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် ကို ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ်(၆၆) အရ အများပြည်သူ သိရှိပြီး သဘောထားမှတ်ချက်ပေးနိုင်ရေးအတွက် “ အောက်ဖော်ပြပါ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များအပေါ် သဘောထားမှတ်ချက်ပေးရန်ရှိပါက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ နောက်ဆုံးထား၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးဌာနခွဲ eia.ecd@gmail.com သို့ အကြံပြု ပေးပို့နိုင်ပါသည်-
(၁) သံတော်မြတ်ကုမ္ပဏီလီမိတက်မှ မြေဧရိယာ (၁၀၁.၃၂) ဧက ကျယ်ဝန်းသော တောင်တော်တွင်းလုပ်ကွက်တွင် ထုံးကျောက် (အကြီးစား) သတ္တု တူးဖော်ထုတ်လုပ်ခြင်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ (၁) အုပ်
(၂) သံတော်မြတ်ကုမ္ပဏီလီမိတက်မှ မြေဧရိယာ (၁၄၆.၉၈) ဧက ကျယ်ဝန်းသော တောင်နီမလုပ်ကွက်တွင် ထုံးကျောက် (အကြီးစား) သတ္တု တူးဖော်ထုတ်လုပ်ခြင်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ (၁) အုပ်
0 comments